Terms & Conditions

www.dohzaytan.com

(မြန်မာနိုင်ငံ တောင်ပေါ်မြေပြန့် ဒေသအသီးသီးရှိ ရိုးရာဓလေ့စရိုက် အငွေ့အသက်များ ပါဝင်သော ပြည်တွင်းထုတ်ကုန်များကို အလေးပေးဖော်ထုတ်ခြင်းအားဖြင့် အသေးစား စက်မှု လက်မှု လုပ်ငန်းများ ဖွံဖြိုးလာစေရန် ရည်ရွယ်တည်ထောင်ထားပါသည်)

ဒို့စျေးတန်းတွင် ပါဝင် ဝယ်ယူ/ ရောင်းချလိုသူများအနေဖြင့် အောက်ပါ စည်းမျဉ်းစည်းကမ်းများအား သဘောတူလိုက်နာပြီးဖြစ်သည်
ဟုသတ်မှတ်ပါသည်။

•   ဒို့စျေးတန်းတွင် မည်သူမဆို တလ လစဉ်ကြေး ပေးရန်မလို ဝင်ရောက်ရောင်းချနိုင်ပါသည်။

•   သင်သည် စီးပွါးဖြစ် စျေးကွက်ဝင် နာမည်ရ ကုန်ထုတ်ပစ္စည်း ဖြန့်ဝေရောင်းချနေသူ ဖြစ်ပါက စမ်းသပ်ကာလ ၁လကျော်လွန်ပြီးနောက် လစဉ်ကြေး xxx ကောက်ခံပါမည်။

•   သင်သည် တနိုင်တပိုင်အားဖြင့် အိမ်တွင်းဝင်ငွေလည်ပတ်ရရှိရန် ရောင်းချသူ သို့မဟုတ် ယခုမှ စတင်ရောင်းချမည့်သူ ဖြစ်လျှင် နောက်နောင် ဒို့ဈေးတန်းမှ တစုံတရာ အကြောင်းကြားသည့်အချိန်အထိ လစဉ်ကြေး ပေးရန်မလိုပါ။

•   ဒို့စျေးတန်းတွင် ရောင်းချမည့် မည်သူမဆို မှတ်ပုံတင်ခြင်း (Register) ပြုလုပ်ရပါမည်။ ရောင်းချသူများ၏ အချက်အလက် လုံခြုံရေးကို ဒို့ဈေးတန်းမှ ဦးစားပေး ကာကွယ်ပေးထားမည် ဖြစ်ပါသည်။

•   ဒို့စျေးတန်းတွင် ဥပဒေနှင့် မညီသော တရားမဝင် ကုန်ပစ္စည်းများ/ ဝန်ဆောင်မှုများ ရောင်းချခြင်း၊ ဖလှယ်ခြင်း ခွင့်မပြုပါ။

•   ဒို့စျေးတန်းတွင် ပြည်တွင်းဖြစ် ထုတ်ကုန်များသာ ဦးစားပေး ရောင်းချရန် အားပေးသည်။

•   ဒို့စျေးတန်းတွင် ရောင်းချသူများသည် ထိုက်သင့်သည့် အဖိုးအစားသတ်မှတ်၍ သင့်တင့်သည့် စျေးနှုန်းဖြင့် မှန်မှန်ကန်ကန် ရောင်းဝယ်ရန် အလေးအနက်တိုက်တွန်းသည်။

•   မမှန်မကန် လိမ်ညာရောင်းချသည်ဟု အထောက်အထားခိုင်လုံစွာ စိစစ်တွေ့ရှိပါက ထိခိုက်ပျက်စီးသည့်/ ကျူးလွန်သည့် အမှုပမာဏအရ ဒို့စျေးတန်း Platform မှ ထိုရောင်းချသူကို (သတိပေးခြင်း၊) ဒို့ဈေးတန်းတွင် တစ်သက်တာ ရောင်းချခွင့် ပိတ်သိမ်းခြင်း၊ Social Media တွင် အများစားသုံးသူ သိစေရန် အမည်ပျက်စာရင်း ကြေညာခြင်းများ ပြုလုပ်မည် ဖြစ်သည်။

•   ဒို့စျေးတန်းတွင် ဝင်ရောက်ဝယ်ယူသူနှင့် ရောင်းချသူတို့သည် တဦးနှင့်တဦး အပြန်အလှန်လေးစားစွာ ပြုမူပြောဆို ရောင်းဝယ်ဖောက်ကားကြရန် တိုက်တွန်းပါသည်။

•   ဒို့စျေးတန်းတွင် ဝင်ရောက်ဝယ်ယူသူသည် ရောင်းချသူများ၏ ဝန်ဆောင်မှုများ/ ကုန်ပစ္စည်းများကို မဝယ်မှီ သေချာစွာ မေးမြန်းပါ။ ရီဗျူးများကို ဖတ်ပါ။ စိတ်ကျေနပ်မှ ဝယ်ပါ။

•  ဒို့စျေးတန်းသည် အများပြည်သူ အဆင်ပြေစေရန် ဆက်သွယ်ပေးသော Platform တခုသာ ဖြစ်၍ ရောင်းသူ/ ဝယ်သူများ၏ မမှန်မကန် လိမ်ညာခြင်းများ ရှိခဲ့ပါက/ လူမှုရေး အရှုပ်အရှင်း မကျေနပ်ချက်များ ရှိခဲ့ပါက/ Copyright နှင့် သက်ဆိုင်သော စာ/ ပုံ/ အိုင်ဒီယာ ခွင့်မတောင်းပဲ ကူးယူခြင်း ရှိခဲ့ပါက အထက်တွင်ဖေါ်ပြခဲ့သည့် နည်းလမ်းများမှအပ အခြားသော နည်းလမ်းဖြင့် တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။